Breaking News
မိန်းမတစ်ယောက် အနေနဲ့ ကာမ ဆက်ဆံခံရတာ ခံတာ အကြမ်းဖျင်းအားဖြင့် ( ၅ )ချက်ရှိတယ်…
Creidt: မှတ်စုကြမ်း
( ၁ )ချစ်သူတွေဖြစ်လို့ … (မှတ်ချက်…ချစ်သူဖြစ်တိုင်းတော့မဟုတ်ပါ)
( ၂ )လင်ယောက်ကျားဖြစ်နေလို့ … ဒီနှစ်ချက်က သိပ်ပြောစရာလိုမယ်မထင်ဘူး…အရွယ်ရောက်ပြီးသူတိုင်း သဘေော ပါက်မယ်ထင်တယ်…။ဒါပေမယ့် ဒီနှစ်ချက်မှာ ရည်ရွယ်ချက်နဲ့ အနာဂတ် တည်ဆောက်မှုအပိုင်းတွေ ပါဝင်တတ်တ ယ် …။ဘဝတစ်သက်သာ ရည်ရွယ်ထားတဲ့ ချစ်သူတွေပဲဖြစ်ဖြစ်…အကြင်လင်မလားပဲဖြစ်ဖြစ်…။ရင်သွေး ကိစ္စနဲ့ သွေးသားဖြေ ရှင်းမှု သစ္စာ စံနှုန်းတွေပါဝင်ပါတယ်…။
( ၃ )ကာမဆန္ဒ ပြင်းထန်လို့…။ ဒီအချက်မှာကြတော့ ခုခေတ်အခေါ် ကြိုက်ကုံးပေါ့လေ…။သူသဘောကျတဲ့သူနဲ့ ခေတ္တခ ဏတွဲမယ်…။ကာမကိစ္စဖြေရှင်းမယ်…။ဒီလောက်ပဲ…။
( ၄ )ငွေကြောင့် … ဒါကတော့ (သွေးသားရင်းနှီး လုပ်ကိုင်စားသူတွေပေါ့…)
( ၅ )ဖိနှိပ်ခံ…အကြပ်ကိုင်ခံ…ခြိမ်းခြောက်ခံ…လှည့်စားခံ …။ ဒီအချက်ထဲမှာ ထင်သာမြင်သာတာက မုဒိန်းကျင့်ခံရ တော ပါ့…။ ဒီ ၅ချက်ထဲမှာ ၁နဲ့၂ကလွဲပြီး ကျန်တဲ့ အချက်တွေဟာ အနာဂတ် အစီအစဉ်တွေ မပါတတ်ဘူး…။ တရားဝ င်လက် မထပ်မီ ကာမပြုကြလို့ ကိုယ်ဝန်ရရင်လည်း ချစ်တဲ့သူတွေ ဖြစ်တာကြောင့် …မျက်နှာရဲရဲနဲ့ ဖြစ်သလို လက်ထပ်လိုက်ကြ တာပါပဲ…။(ဒီလို မဖြစ်ဖို့ကလည်း ခုခေတ်ဆေးဝါးတွေ ပေါပါတယ်.။၃နဲ့၄ကတော့ အတွေ့အကြုံရှိ လုပ်ငန်းသမားတွေလို့ ပြောရမယ်…။သူတို့လည်း ပြသနာမရှိဘူး…။သူတို့ဘာသူတို့ ဖြေရှင်း တတ်တယ်…။သူတို့လိုချင်တာ ယူပြီး မလိုချင်တာကို တားဆီးတတ်တယ်ပေါ့…။
( ၅ )ကျတော့ ပြသနာရှိတယ်…။ကာမလည်း လိုချင်လက်ခံချင်လို့ မဟုတ်ဘူး…။အနာဂတ် မျှော်လင့်ချက်တွေလည်း မပါ ဘူး…။အနိုင်ကျင့်ခံလိုက်ရတာ သပ်သပ်မျှပါပဲ…။ဒီတော့ အဲဒီ မိန်းကလေးမှာ ဒီအပိုင်းနဲ့ပတ်သပ်ပြီး ဘာပြင်ဆင်မှု ဘာမျှော်လင့်မှုမှာ မရှိဘူး…။ရှက်မယ်…ကြောက် မယ် …။
ဒီတော့ သူမုဒိန်းကျင့်ခံထားရတာကို ကွယ်ဝှက်ထားမယ်…။အဲဒီ နောက်ဆက်တွဲ ဆိုးကျိုးက ကိုယ်ဝန်ရလာတာပဲ…။ဒီတော့ လိင်နဲ့ပတ်သပ်ပြီး ရုပ်ပိုင်းကော စိတ်ပိုင်းကော ထိခိုက်မှုအပြင် …ဘဝပိုင်းထိုးနှက်ချက် တစ်ခု ထက်ရောက်လာ တယ်…။သူ့ဆီမှာ မလိုချင်ဘဲရတဲ့ ရလဒ်…ပြောမယ်ဆို သူမလိုချင်ဘဲ…ရတဲ့ ကလေး…။
သူရဲ့ မူလစိတ်အခြေအနေဟာ ကာမဆ က်ဆံခံရအမှုအတွက် မိခင်ဖြစ်ဖို့ သားသမီးလိုချင်မှုမပါတာလည်း ကျိန်းသေတယ်…။ဒါပေမယ့် စိတ်ဆိုတာလည်း ပြောင်းလဲတတ်သလို…ရှိတာကြောင့်…ဒီလို ကိုယ်ဝန်မျိုးအတွက် သူရင်ဆိုင်ရမယ့်…အနာဂ တ်ဖြစ်တာကြောင့် သူကိုယ်တိုင် ဆုံးဖြတ်ခွင့်ရှိတယ်လို့ ကျနော်ကတော့ မြင်တယ်…။ကလေး ယူမလား…မယူဘူး လား… သူ့သဘော…သူ့ကို ဆုံးဖြတ်ခွင့်ပေးသင့်တယ်…။
ဒီအပြုအမူအတွက် ကျနော်တို့ဟာ ဘာမှ ဝေဖန်တိုက်ခိုက်စရာ မရှိ ပါဘူး…။(အမေရိကန် စစ်တမ်းအရ မလိုချင်ဘဲ…အဆင်သင့်မဖြစ်သေးဘဲ…ရတဲ့ ကလေးတွေကို တားဆီးခွင့်ပြုပြီးနောက် မှု့ခင်းေ တွ လျော့နည်းသွားတယ်လို့ ဖော်ပြခဲ့တာလည်း ရှိနေပါတယ်…)ကျနော်ကတော့ ထိုးကပစ် ယိုးကပစ် ဘဝမျိုးနဲ့ လူသားတစ်ယောက်ကို ဒီလောကထဲ ဆွဲမခေါ်သင့်ဘူးလို့ သုံးသပ်တ ယ်…။
ဒါပေမယ့်…ခံရသူ မဟာ လောကဓံကို ရင်ဆိုင်နိုင်တဲ့ အတွေ့အကြုံရှိ အသက်အရွယ် အပိုင်းအခြားလားဆိုတာ ကျနော်တို့ ကြည့်ရမယ်…။အရွယ်မရောက်သေးသူဆိုရင် ရုပ်ပိုင်းဆိုင်ရာအရ သားဖွားမှုမှာ ပြသနာတွေရှိမယ်…။သားဖွားပြီးနောက် ရင်ဆိုင်ရမယ့်… တာဝန်တွေ…လူမှုရေး စီးပွားရေး ဒါတွေကို သူအတွက် ထည့်စဉ်းစားသင့်တယ်…။ ခင်ဗျားတို့ ဘယ်လို စဉ်းစားနေ သ လဲ…?
Creidt: မှတ်စုကြမ်း
No comments