ဖခင္အရင္းမွ သမီးျဖစ္သူအား အႀကိမ္ႀကိမ္အဓမၼမႈက်ဴးလြန္ခဲ့သည့္ျဖစ္စဥ္
စစ္ကိုင္းတိုင္းေဒသႀကီး တမူးၿမိဳ႕နယ္—-႐ြာမွ၁၄/၁၅ အ႐ြယ္ သမီးအရင္းအား ဖခင္ျဖစ္သူမွ အႀကိမ္ႀကိမ္ အဓမၼမႈက်ဴးလြန္ခဲ့သည္ကို ေဖာ္ထုတ္တရားစြဲနိုင္ခဲ့သည္ဟု သိရပါသည္။တမူး-ကေလးကားလမ္းေဘးက ႐ြာမွာပါ။
ကာယကံရွင္ မိန္းကေလးငယ္ နစ္နာမည္စိုး၍ ႐ြာနာမည္ ခ်န္လွပ္ခဲ့ပါသည္။(၁၆ .၈ .၂၀၁၇) ရက္ေန႔ ညေနပိုင္း (၄:၄၀ )ခန္႔ခ်ိန္က တမူးလူငယ္ကြန္ရက္ ဦးေဆာင္အဖြဲ႕ဝင္ တာဝန္ခံတဦးျဖစ္တဲ့ ကိုေအာင္သူခ်မ္း ေနအိမ္သို႔ တာဝန္သိ ျပည္သူတဦးမွ တမူးၿမိဳ႕တြင္ မ်က္စိလည္ျဖစ္ေနေသာ အသက္ ၁၄/၁၅ နွစ္အ႐ြယ္ အမ်ိဳးသမီးအား ေတြ႕ရွိ၍ ကူညီဖို႔ အေၾကာင္းၾကားလာရာမွ ျပန္လည္ပို႔ေဆာင္ေပးဖို႔ ေမးျမန္းရာက ယခုကဲသို႔ သိရွိရျခင္းျဖစ္တယ္လို႔ ကိုေအာင္သူခ်မ္း မွ ေျပာၾကားပါသည္။
“မိန္းကေလးက ေၾကာက္ၿပီးထြက္ေျပးလာတာပါ။ဒီမွာ မသြားတတ္ မလာတတ္ဒုကၡေရာက္ေနတာပါ။အခုကိစၥကို သက္ဆုိင္ရာေတြဆီ အခ်ိန္နဲ႔ တေျပးညီ သတင္းပို႔လိုက္ပါတယ္၊ အခု ေစ်းတန္းရပ္ကြက္ အုပ္ခ်ဳပ္ေရးမွဴးက တရားလိုအေနနဲ႔ အမႈ႕ဖြင့္ထားတယ္၊”ဟု ဆက္လက္ေျပာဆိုသည္။
တရားခံကိုလည္း ဖမ္းဆီးနိုင္ၿပီလို႔ တမူးရဲစခန္းမွ သိရပါတယ္။”ကြၽန္ေတာ့္အေနနဲ႔ မိမိကူညီေဆာင္႐ြက္ေပးရတဲ့ အေျခအေနကို တရားရံုးမွာ သက္ေသထြက္ဆိုသြားပါမယ္´
အခုတမူးၿမိဳ႕နယ္အတြင္း —႐ြာက ျဖစ္ပ်က္မႈဆိုေပမဲ့ သူတို႔ဟာ တမူးေဒသခံမ်ား မဟုတ္ဘူး ။ ကေလးနယ္ဘက္ကေန ေျပာင္းေ႐ြ႕လာၾကသူေတြပါ”ဟု ကိုေအာင္သူခ်မ္း မွ TYN ဦးေဆာင္အဖြဲ႕မ်ား အစည္းအေဝးမွာ ေျပာဆိုခဲ့ပါတယ္။
ယခုကိစၥကို တမူးလူငယ္ကြန္ရက္အေနျဖင့္ ဥပေဒအရ ထိေရာက္စြာ အေရးယူေစခ်င္ပါတယ္။ ေစာင့္ၾကည့္သြားပါမယ္။ယခုအခါ ယင္း အမ်ိဳးသမီးငယ္အား တမူးၿမိဳ႕ အမ်ိဳးသမီးဆိုင္ရာ အဖြဲ႕အစည္းတခုမွ ေစာင့္ေရွာက္ကူညီထားသည္ဟု သိရပါသည္။
အမ်ိဳးသမီးမ်ားဘ၀ လံုၿခံဳဖို႔ အားလံုး၀ိုင္း၀န္းေစာင့္ေရွာက္စို႔—
ၾကိဳက္ရင္ Share ေပးဖုိ႔မေမ႔နဲ႔ေနာ္
Unicode
စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့နယ်—-ရွာမှ၁၄/၁၅ အရွယ် သမီးအရင်းအား ဖခင်ဖြစ်သူမှ အကြိမ်ကြိမ် အဓမ္မမှုကျူးလွန်ခဲ့သည်ကို ဖော်ထုတ်တရားစွဲနိုင်ခဲ့သည်ဟု သိရပါသည်။တမူး-ကလေးကားလမ်းဘေးက ရွာမှာပါ။
ကာယကံရှင် မိန်းကလေးငယ် နစ်နာမည်စိုး၍ ရွာနာမည် ချန်လှပ်ခဲ့ပါသည်။(၁၆ .၈ .၂၀၁၇) ရက်နေ့ ညနေပိုင်း (၄:၄၀ )ခန့်ချိန်က တမူးလူငယ်ကွန်ရက် ဦးဆောင်အဖွဲ့ဝင် တာဝန်ခံတဦးဖြစ်တဲ့ ကိုအောင်သူချမ်း နေအိမ်သို့ တာဝန်သိ ပြည်သူတဦးမှ တမူးမြို့တွင် မျက်စိလည်ဖြစ်နေသော အသက် ၁၄/၁၅ နှစ်အရွယ် အမျိုးသမီးအား တွေ့ရှိ၍ ကူညီဖို့ အကြောင်းကြားလာရာမှ ပြန်လည်ပို့ဆောင်ပေးဖို့ မေးမြန်းရာက ယခုကဲသို့ သိရှိရခြင်းဖြစ်တယ်လို့ ကိုအောင်သူချမ်း မှ ပြောကြားပါသည်။
“မိန်းကလေးက ကြောက်ပြီးထွက်ပြေးလာတာပါ။ဒီမှာ မသွားတတ် မလာတတ်ဒုက္ခရောက်နေတာပါ။အခုကိစ္စကို သက်ဆိုင်ရာတွေဆီ အချိန်နဲ့ တပြေးညီ သတင်းပို့လိုက်ပါတယ်၊ အခု ဈေးတန်းရပ်ကွက် အုပ်ချုပ်ရေးမှူးက တရားလိုအနေနဲ့ အမှု့ဖွင့်ထားတယ်၊”ဟု ဆက်လက်ပြောဆိုသည်။
တရားခံကိုလည်း ဖမ်းဆီးနိုင်ပြီလို့ တမူးရဲစခန်းမှ သိရပါတယ်။”ကျွန်တော့်အနေနဲ့ မိမိကူညီဆောင်ရွက်ပေးရတဲ့ အခြေအနေကို တရားရုံးမှာ သက်သေထွက်ဆိုသွားပါမယ်´
အခုတမူးမြို့နယ်အတွင်း —ရွာက ဖြစ်ပျက်မှုဆိုပေမဲ့ သူတို့ဟာ တမူးဒေသခံများ မဟုတ်ဘူး ။ ကလေးနယ်ဘက်ကနေ ပြောင်းရွေ့လာကြသူတွေပါ”ဟု ကိုအောင်သူချမ်း မှ TYN ဦးဆောင်အဖွဲ့များ အစည်းအဝေးမှာ ပြောဆိုခဲ့ပါတယ်။
ယခုကိစ္စကို တမူးလူငယ်ကွန်ရက်အနေဖြင့် ဥပဒေအရ ထိရောက်စွာ အရေးယူစေချင်ပါတယ်။ စောင့်ကြည့်သွားပါမယ်။ယခုအခါ ယင်း အမျိုးသမီးငယ်အား တမူးမြို့ အမျိုးသမီးဆိုင်ရာ အဖွဲ့အစည်းတခုမှ စောင့်ရှောက်ကူညီထားသည်ဟု သိရပါသည်။
အမျိုးသမီးများဘဝ လုံခြုံဖို့ အားလုံးဝိုင်းဝန်းစောင့်ရှောက်စို့—
09696990554
ReplyDelete